Last Shout - Posted by: $kktin$ - Thursday, 21 August 2008 07:54
This internet address has been blocked. If you feel that this is an error please contact the webmaster ... :feel-sad:
 
Play and Help
Online Chatters
There are currently chatter(s) in chat. Show / Hide

Myanmar Search
မြန်မာ ဘလောက် သတင်း
Google Ads

Myanmar Internet News
Last Forum Topic
ynews
Announcements
၆၁ နှစ်မြောက် အာဇာနည် နေ့..။

၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀း၃၀ ..........


Photobucket
ထိုနေ့သည် မြန်မာပြည် အတွက် ကြီးစွာသော ဆုံးရှုံးမှု ကြီးတစ်ခု ဖြစ်ခဲ့လေသည်.. အစည်းအဝေးများ ကျင်းပရာ ၀န်ကြီးများရုံးတွင် သေနတ်သံများကြားလိုက်ရပြီးမြန်မာပြည် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွဝန်ကြီးများဖြစ်သော သခင်ြမ ၊ ဒီးဒုတ် ဦးဘချို ၊ ဦးရာဇတ် ၊ မန်းဘခိုင်၊ ဦးဘ၀င်း ၊ မန်းဘခိုင် ၊ မိုင်းပွန်စော်ဘွားစ၀်စံထွန်း ၊ဦးအုန်းမောင် ၊ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော် ကိုထွေး တို့ လုပ်ကြံခံခဲ့ရ ပါသည်။

မြန်မာပြည်တစ်ဝှန်းလုံးရှိ ပြည်သူလူထုတို့ ၏ မျက်ဝန်းအိမ်မှ မယုံကြည်နိုင်သော အရိပ်အယောင် နှင့် အံ့သြမှု ၊ ၀မ်းနည်းမှု ၊မှင်တက်မှု ၊ကြေကွဲမှု တို့ မှ ဖြစ်ပေါ်လာသော မျက်ရည်များကျဆင်းခဲ့ရပါသည်..။တိုင်းပြည်နှင့် လူမျိုး အကျိုးကို လုပ်ဆောင်နေကြသော ခေါင်းဆောင်ကြီးများကို မှ ဦးတည် လုပ်ကြံခဲ့ကြသော လူသတ်သမား တို့ ကို နာကျည်းမုန်းတီးလျက် ဖြေမဆည်နိုင်သော ၀မ်းနည်းမှုများ လူထု တစ်ရပ်လုံး၏စိတ်တွင် ဖြစ်ပေါ်လာခဲ့သည်..။ထိုသို့သော အာဇာနည် နေ့ထူးနေ့မြတ်ကို မမေ့သင့်ပေ။ သမိုင်းဟူသည် မည်သည့် နိုင်ငံ ၊ မည်သည့် လူမျိုး အတွက်မဆို မရှ ...

by mike16os, Saturday, 19 July 2008 00:48 Comments(0), Read all
Announcements
မဲပေးကြဘို့ အချိန်ရောက်လုနီးပါပြီ

ညီအကိုမောင်နှမတို့။

အခြေခံဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေးအတွက် မဲပေးကြဘို့ အချိန်ရောက်လုနီးပါပြီ။

ညီအကိုတို့၊ နှမတို့ကို ကန့်ကွက်ရန်၊ ဆန့်ကျင်ရန် မတိုက်တွန်းပါ။ မိမိတို့ကိုယ်တိုင် ရဲရဲဆုံးဖြတ်ကြရန်သာဖြစ်ပါတယ်။ သို့သော် ထိုဆုံးဖြတ်ချက်သည် မိမိတို့၏ဆန္ဒမှန်ကစေခိုင်းသော ဆုံးဖြတ်ချက်သာလျှင်ဖြစ်သင့်လျှက် အကြောက်တရားကစေခိုင်းသော ဆုံးဖြတ်ချက်မဖြစ်သင့်ဟု ယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့သည် အမှားအမှန်ကို ဆင်ခြင်တုံတရားနှင့် ဝေဖန်ပိုင်းခြားနိုင်သော ပညာတတ်လူငယ် လူတက်များဖြစ်ရုံမျှမက၊ အမှားကိုအမှားအတိုင်း၊ အမှန်ကိုအမှန်အတိုင်း ထောက်ပြနိုင်စွမ်းလောက်သော အတွေ့အကြုံများရှိခဲ့ပြီးသောကြောင့် ဖြစ်ပါသည်။

ကျနော်တို့သိရှိထားသည်မှာ လက်တစ်ဆုပ်စာမျှသာရှိသော အသိုင်းအ၀ိုင်းတစ်စုမှလွဲလျှင် ကျန်ပြည်သူအားလုံး ကန့်ကွက်လိုသောသူချည်းသာလျှင် ဖြစ်ပါတယ်။ သို့သော် ထိုကန့်ကွက်လိုသူအားလုံး ကန့်ကွက်မဲပေးကြပါမည်လား။

ချစ်သောညီအကိုမောင်နှမတို့... လူတိုင်း.. လူတိုင်းတွင် မျှော်လင့်ချက် နှင့် အနာဂါတ် တို့ရှိကြသည်သာ။ လူတိုင်း.. လူတိုင်းတွင် အတ္တရှိကြသည်သာ။

သို့သော်... ကွဲပြားကြသည်မှာ မျှော်လင့်ချက်၏ ကျယ်ပြန့်နက်ရှိုင်းမှု၊ အနာဂါတ်၏ခိုင်မာမြင့်မားမ ...

by mike16os, Saturday, 19 April 2008 00:52 Comments(1), Read all
ပြည်တွင်းသတင်း
ဓါးပြတိုက်မှု

မြန်မာပြည်မှ အေးဓါးပြတိုက်မှု

စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် တိုင်းပြည် အကြီးကဲဆိုသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်တို့ တိုင်းပြည်နှင့် ပြည်သူပြည်သားများကို အနိုင်ကျင့် ဗိုလ်ကျသည်မှာ ကမ္ဘာအသိပင်ဖြစ်သည်။

ယမန်နေ့ အင်တာနက်သတင်းအရ တိုင်းပြည်နှင့် ပြည်သူ ပြည်သားများ၏ ချွေးနည်းစာ များကို အေးဓားပြတိုက်သူ နောက်တစ်ဦးအကြောင်း သိလိုက်ရသည်။ အကြင်သူမှာ အခြား သူစိမ်းမဟုတ်ပါ။ မိဘခြေရာ နင်း ၍ ပြည်သူကို ဆော်ကားနေသူတစ်ဦး ဖြစ်သည့် သမီးတော် ဒေါ်ခင်သန္ဒာရွှေ ဆိုသူဖြစ်သည်။

ဒေါ်ခင်သန္ဒာရွှေသည် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ (အင်ဗွိုင်းခန်းမ)တွင် မတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့တွင် ကျင်းပသည့် မြန်မာ့ ပရိဘောကကုန်စည်ပြပွဲတွင် လာရောက်လေ့လာပြိး အဖိုးတန် မြန်မာ့ကျွန်းသစ်ဖြင့် ထုလုပ်ထားသည့် ပန်းပု ရုပ်ထုလက်ရာများ အပါအဝင် အခြား အဖိုးတန် ပရိဘောဂ ပစ္စည်းများ အေးဓါးပြတိုက်သွားကြောင်း သတင်းရရှိပါသည်။ အဆိုပါ ပစ္စည်းများ၏ ကာလတန်ဖိုးမှာ အမေရိကန် ဒေါ်လာ 10,000 ကျော်ခန့်ရှိမည်ဟု ဆိုသည်။

အဆိုပါ ဒေါ်ခင်သန္တာရွှေ၏ ၂၀၀၆ ခုနှစ်မင်္ဂလာပွဲတွင် ဝတ်ဆင်ထားသော စိန်ထည်ပစ္စည်းများကိုမည်သို့ရရှိသည်ကို မှန်းဆကြည့်က ပြည်သူများ၏ ချွေးနည်းစာမှ အေးဓါးပြတိုက်ထားသော ခိုး ...

by mike16os, Tuesday, 18 March 2008 03:46 Comments(3), Read all

Go to page: |<- <<< >>> ->|
Number of news are 54 with 3 news per page
Showed News from : 58 to: 60